Events
World of Travel Trade & Taste Expo 2021
Updated At: 2020-04-01 04:41:18
“World of Travel Trade & Taste Expo 2021” ပြပွဲကို အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်ရှိ Miami Beach Convention Centre တွင်၂၀၂၁ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် သိရှိရပါသည်။ အဆိုပါပြပွဲတွင် မြန်မာ့ခရီးသွားလာရေး၊အစားအသောက်၊ယဉ်ကျေးမှုဆိုင်ရာတင်ဆက်မှုများ၊ စီးပွားရေးကြော်ငြာများ၊ ကုန်စည်များနှင့်ရင်းနှီးမြှပ်နှံမှုအခွင့်အလမ်းများကို ပြသမိတ်ဆက်နိုင်မည့် အခွင့်အရေးရရှိနိုင်ပြီး “Marketplace for global business exchange” ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ပြပွဲအပြင် အလုပ်ရုံဆွေးနွေးပွဲများ၊ ခရီးသွားလာရေးဆိုင်ရာစကားဝိုင်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ ယင်းပြပွဲတွင် ပြခန်းခနှုန်းထားများအနေဖြင့် ၁၀ပေပတ်လည်တစ်ခန်းလျှင် USD 3,880၊ ၁၀ပေx ၂၀ ပေတစ်ခန်းလျှင် USD 6,460 နှင့် ပေ ၂၀ ပတ်လည်တစ်ခန်းလျှင် USD 12,920 အသီးသီး ကျသင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။ ၎င်းပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ရန် ဖိတ်စာကို ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်သို့ (၃၁-၃-၂၀၂၀) ရက်နေ့တွင် ဖြန့်ဝေပေးထားပါသည်။ ပြပွဲဆိုင်ရာအချက်အလက်များ သိရှိလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ်(၃)၊ နေပြည်တော်၊ ဖုန်း- ၀၆၇-၃၄၀၈၆၀၈၊ ၀၆၇-၃၄၀၈၆၂၂၊ ၀၆၇-၃၄၀၈၆၂၃ ၊ email:[email protected] တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးပါသည်။
Event Details
- Date
- Updating
- Location
- အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်
- Website
- www.myantrade.org
More Events
MyanTrade eyes coffee export to Russia
Date: 28.7.2025
Myantrade discusses mango pulp exports to Russia
Date: 28-7-2025